Related Posts Plugin for WordPress, Blogger...

Photo: သားသား သိပ်သိပ် ရှက်တယ် မာမီ ... 
----------------

တပ်မတော်ထဲနေပြီး တပ်မတော်သား ဖြစ်လျှက်
ဓါတု လက်နက် ရှိမှန်းတောင် မသိခဲ့ဘူးမာမီ ... 

တကယ်တော့လေ ...
တပ်မတော်က ဓါတု လက်နက် ထုတ်ရုံတင်မဟုတ်ဘူး 

သားတို့ ကိုယ်ပေါ်မှာပါ ထည့်ပေးလိုက်တာ မာမီ ...
သားတို့ကို ပဲ တွေကျွေးခဲ့တာ 
ဓါတု အဆိပ်ငွေ့တွေ ထွက်ဖို့ရာ ကျွေးခဲ့မှန်း သူတို့ ပြောမှ သားသတိထားမီလာပီ မာမီ ... ။

တကယ်တော့ တပ်မတော်ကြီး အားကြီးရက်စက်တယ် မာမီ ....
လူကို သေ စေနိုင်တဲ့ အောက်စီဒိုက်စ်တွေကို သားတို့ ခန္ဓာ ထဲမှာ ထည့်သွင်းပေးထားတယ် ။

အားအားအားကြီး ရက်စက်ပါ့ မာမီရယ် ။

ပြီးတော့လေ သားကိုယ်သား အားကြီး ရှက်မိပါတယ် မာမီ 
တပ်မတော်ထဲနေ တပ်မတော်သား ဖြစ်ပြီး 
ဒါလေးတောင် မသိဘူး မာမီ 

သူများတွေများ တော်လိုက်တာ 
ဂူဂယ်က ရှာပြီး နေရာ အတိအကျ ကိုပြထားတယ်မာမီ 

သူတို့ သိပ်သိပ်တော်တယ်နော် 
ဓါတု လက်နက် သုံးနေတဲံ နိုင်ငံ အချို့ရှိပါတယ် မာမီ 
အဲ့ထဲမှာ သားတို့ နိုင်ငံပါတယ်တဲ့ မာမီရယ် 
အဟင့် ..သားလေး အံကြီးတောင် သြမိပါရဲ့ ။

ပြီးတော့ သုံးတယ်ဆိုတဲ့ နိုင်ငံတွေ ဘယ်နားမှာတည်ထားတယ်ဆိုတာ ၁ ခြားနိုင်ငံသားမပြောနဲ့ သူ့နိုင်ငံသားတောင် မသိပါဘူး မာမီ။
အဲ့လို လုံခြုံရေးကောင်းပါတယ် ။ သားတို့ နိုင်ငံကျတော့ တန်းပေါ်နေတယ်နော် မာမီ 
သူတို့ကတော်လို့လား ၊ သားတို့ နိုင်ငံက ညံ့လို့လားမာမီ 

သားသား သတိထားမီတာတော့လေ ...
ဂူဂယ်ပုံကြီးနဲ့ လိုကေးရှင်းဖော်ပြတာ အံသြ လွန်းလို့ပါ မာမီ ။

မယုံမရှိနဲ့ မြန်မာ့ ကပစ အချို့ ဂူဂယ်မပေါ်ဘူးမာမီ ... 
သား ဆက်ပြောရင် နလပိန်းဒုံးတွေ နားလည်မယ် မထင်ဘူးမာမီ ။

တပ်မတော်သား ရှက်ရှက်လွန်းလို့ ဒီနေရာတွင် ၁ ခန်းရပ်သည် ။

ME™
 
From: ME™
Phay Sit Gyi

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ