Related Posts Plugin for WordPress, Blogger...

From : ..the voice



Photo:

(Dawei Watch)
တနင်္သာရီတိုင်းဒေသကြီး အတွင်းသို့ ၂၀၁၂ ခုနှစ် မတ်လမှ ၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ ၁၈ လ အတွင်း ဘင်္ဂါလီ လူမျိုးများ ဝင်ရောက်လာမှု ၁၆ ကြိမ်အထိ ရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင်က တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြောကြားခဲ့သည်။

လောင်းလုံးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေး၏ ဘင်္ဂါလီ လူမျိုးများ ဝင်ရောက်မှုအတွက် တိုင်းဒေသကြီး၏ လုံခြုံရေး အစီအမံနှင့် ပတ်သက်သည့် မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂါလီ လူမျိုးများ ဝင်ရောက်လာမှု ၁၆ ကြိမ်တွင် ၁၀ ကြိမ်ကို ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့ပြီး ခြောက်ကြိမ်ကို လာရာလမ်းအတိုင်း စနစ်တကျ ပြန်လွှတ်ပေးခဲ့သည်ဟု ဗိုလ်မှူးကြီး ဇော်လွင်က ရှင်းလင်း ပြောကြားသည်။

ဖမ်းဆီးအရေးယူမှု ၁၀ ကြိမ်တွင် မြိတ်မြို့၌ လက်နက်များနှင့် ဖမ်းမိသူများကို လက်နက် (ယာယီ) ပြင်ဆင်ချက် အက်ဥပဒေပုဒ် ၁၉ (က) ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည့် ကိုးကြိမ်တွင် လ.၀.က အက်ဥပဒေ ၁၃ (၁) ဖြင့် လည်းကောင်း၊ ၆ (၃) ဖြင့်လည်းကောင်း၊ ၆ (၂) /၆ (၃) ဖြင့် လည်းကောင်း ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း ၎င်း၏ အဆိုအရ သိရသည်။



.. www.MyanmarExpress.net
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ