Related Posts Plugin for WordPress, Blogger...

From : ..irrawaddy

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က, သိမ်းဆည်းမြေ၆၈ နှစ်မြောက် တပ်မတော်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခင် အစိုးရ အဆက်ဆက် သိမ်းဆည်းခဲ့သော တနိုင်ငံလုံး မြေဧက ၂သိန်း ကျော် အနက်မှ မြေဧက ၃၈၀၀၀ ကို ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသည်။
နေပြည်တော်တွင် ယနေ့ကျင်းပသော မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းမှုနှင့်ဆက်စပ်သော အစည်း အဝေး တွင် စစ်တပ်က သိမ်းဆည်းထားသော မြေဧကတချို့ကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“တပ်သိမ်းမြေတွေနဲ့ ပတ်သက်ပြီး အပိုင်း ၃ပိုင်း ပြောလို့ရပါတယ်။ အခု ဧက ၃သောင်း ကျော် ကတော့ လုံးဝ အရှင်း ပေးလို့ ရတာပေါ့။ နောက်တခုက တစိတ်တဒေသ ပေးလို့ရတယ်။ နောက်ကတော့ လုံခြုံရေး အရ လုံးဝ ပြန်ပေးလို့ မရဘူးပေါ့။ တစိတ်တပိုင်း ပေးတာကတော့ တပ်လုံခြုံရေးကိုမထိခိုက်တဲ့အပိုင်းကို ပြန်ပေးမှာပါ။ ပြန်မပေး ဘူး ဆိုရင်လည်း ဘယ်လိုကြောင့် ပြန်မပေးလဲ။ ဘာကြောင့်လဲဆို တာကို သေချာ ရှင်းလင်း ပြောမှာပါ”ဟု ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကဆိုသည်။

လတ်တလော စစ်တပ်က သိမ်းဆည်းထားသော မြေဧက ၃သောင်း ၈ထောင်ကို အစိုးရ မြေအသုံးချမှု စီမံ ခန့်ခွဲရေးကော်မတီသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွှဲပြောင်းပေးအပ်လိုက်ပြီး ကျန်ရှိသော မြေဧကများကို လည်း ပြန်လည် စစ်ဆေးလျက်ရှိသည်ဟု တပ်မတော်က အစိုးရထံ အကြောင်းကြားထားကြောင်း သိရှိရသည်။

ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က နိုင်ငံတွင်း မြေယာ သိမ်းဆည်းမှု များနှင့် ပတ်သက်ပြီး တွေ့ရှိချက်များကို အစီရင်ခံစာ ၃ ပိုင်းခွဲထုတ်ပြန်ခဲ့ရာ အစီရင်ခံစာ အပိုင်း ၁ တွင် တပ်မတော်နှင့် သက်ဆိုင် သည့် မြေသိမ်းမှုများ၊ အပိုင်း ၂ တွင် မြို့ပြတိုးချဲ့မှုနှင့်စက်မှုဇုန်တည်ဆောက်ခြင်းအတွက် မြေသိမ်းမှုများ၊ အပိုင်း ၃ တွင် ပုဂ္ဂလိက ကုမ္ပဏီများက မြေသိမ်းမှုများ အသေးစိတ် ဖော်ပြခဲ့ကြောင်း၊ တနိုင်ငံလုံးတွင် မြေယာသိမ်းဆည်းမှု ၇၄၅ မှုရှိပြီး အစိုးရက မြေသိမ်းမှုများကို အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သော မြေ အသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းထားလိုက်ကာ မူလပိုင်ရှင်များထံ မြေယာများ ပြန်လည်ပေးအပ်သွား မည် ဖြစ်ကြောင်း သိရှိရသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးအုန်းသန်းက “တပ်မတော်က သိမ်းထားတဲ့မြေမှာ တချို့တဝက် ပြန်ပေးမယ် ဆိုတဲ့ အပိုင်းနဲ့ လုံးဝပြန်မပေးတဲ့ အပိုင်းမှာ သူ့စည်းမျဉ်း တွေရှိပါတယ်။ ပြည်သူကို ဘယ်လို လျော်မလဲ၊ မြေအစားပြန်ပေးမလား။ ငွေကြေးပေးမလားပေါ့။ အဲလိုတွေစီစဉ်မှာပါ။ ဒီကိစ္စကို ခုလက်ရှိကတော့ စစ်ဆေး တုန်း ကတော့ပြောရခက်ပါတယ်” ဦးအုန်းသန်းကပြောသည်။

ယခင် အစိုးရအဆက်ဆက် က တနိုင်ငံလုံးတွင် လယ်ယာမြေဧက ပေါင်း ၂သိန်းကျော် သိမ်းယူခဲ့ရာ ယခု ပြန်လည်ပေးအပ်မှုသည် သိမ်းယူခဲ့သည့် မြေဧကစုစုပေါင်းပမာဏ၏ ၁၉ရာခိုင်နှုန်းကိုသာ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် သိမ်းဆည်းမြေ ၈၁ ရာခိုင်နှုန်း ပြန်လည်စိစစ်နေဆဲဟုသာပြောဆိုပြီး မည်သို့အဖြေထွက်ကိုမူ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက အတိအကျ ထုတ်ပြန်ပြောဆိုခြင်းမပြုပေ။

.. www.MyanmarExpress.net
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ