Related Posts Plugin for WordPress, Blogger...

From : ..the voice


Photo:
နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကြိုးပမ်းနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO/KIA အဖွဲ့တို့သည် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး အောက်တိုဘာလတွင် ထပ်မံဆွေးနွေးမှုများ ပြုလုပ်သွားရန် သဘောတူညီမှု ရရှိထားကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို အောက်တိုဘာလ ပထမပတ်တွင် မြစ်ကြီးနားမြို့နယ် မဂျွယ်ခန်းမ၌ ကျင်းပသွားရန် စီစဉ်ထားကြောင်း ၎င်းကရှင်းပြသည်။

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ကေအိုင်အို အလုပ်အဖွဲ့တို့ မြစ်ကြီးနားမြို့၌ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ ပထမနေ့တွင် ယင်းသို့ တွေ့ဆုံရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အောက်တိုဘာမှာ ပြည်ထောင်စု အဆင့်တွေ့ပြီး နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ ဆွေးနွေးမယ်” ဟု ၎င်းကဆိုသည်။

မြစ်ကြီးနားမြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့က စတင်ပြုလုပ်သည့် အဆိုပါ နှစ်ဖက် အလုပ်အဖွဲ့များ တွေ့ဆုံပွဲသို့ ကချင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်နိုင်တို့ ပါဝင်တက်ရောက်ပြီး ကေအိုင်အိုဘက်မှ ဒုတိယဗိုလ်မှူးကြီးအဆင့် နှစ်ဦးပါ ကိုယ်စားလှယ်ရှစ်ဦး၊ လေ့လာသူနှစ်ဦး ပါဝင်ကြောင်း၊ ယင်းမှာ မြစ်ကြီးနားမြို့တွင် ဇူလိုင်လအတွင်း ကေအိုင်အေ အလုပ်အဖွဲ့၏ တရားဝင်ရုံး ဖွင့်လှစ်ခဲ့ပြီးနောက် ပထမဆုံးနှစ်ဖက် အလုပ်အဖွဲ့ တွေ့ဆုံပွဲဖြစ်ကာ စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်တာ ကျင်းပမည် ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက် သူများထံမှ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန် ကြိုးပမ်းနေသည့် အစိုးရနှင့် ကေအိုင်အို။ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အကြား လတ်တလော ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မည် မဟုတ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ထုတ်ပြန် ပြောကြားထားသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ