အားလုံးမင်္ဂလာပါ …………..ကျွန်တော်အောင်ကိုစိုင်းပါ
ကျွန်တော်ကိုအခြားတိုင်းရင်းသားများပါမကျန်နားလည်မှတ်သားနိုင်အောင် အများနားလည်တဲ့ ဘာသာစကားဖြင့်ရေးသားခွင့်ပြုပါလို့ပထမဆုံးတောင်းဆိုပရစေ...
နှစ်ပေါင်းများဇွာက ကျွန်တောတို့်ရခိုင်သမိုင်းတွေ ရက်ဆက်ခဲ့သော အကျင့်ပျက်မူဝါဒတွေနှင့် ကျွန်တော်တို့ရခိုင်တွေကို နည်းအမျိုးမျိုးဖြင့် လိမ်လည်ခဲ့သော ရှေ့ခေတ် ဗမာ့ခေါင်းဆောင်တွေအကြောင်းနှင့် ကျွန်တော်တို့ရခိုင်တိုင်ရင်းသားများ မဖြစ်မနေ သိထားသင့်သော မှတ်သားထားသင့်သော သမိုင်းအကျဉ်းချုပ်တစ်ခုကို ကျွန်တော်ရေးသားတင်ပြလိုက်ပါတယ် နောက်လာမေ့လ ဒီဇင်ဘာ 31 ရက်နေ့ အတွက်…
အခုရေးသားလိုက်သည်…...
“မြွီပွီးနှင့် ရခိုင်ကိုတွိလျှင် ရခိုင်ကိုအယင်သတ်ရမည်”
ရခိုင်ပြည် ကျွန်သက် အနှစ် (၂၂၉) နှစ် ကြာသောအခါ
(ဒီဇင်ဘာ 31 ရက်နေ့)
မြန်မာကျူးကျော်စစ်ကို (၄၅) ရက်ကြာကြာ ခုခံတိုက်ခိုက်ပြီးနောက် (၁၇၈၄) ခု ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ရခိုင်ပြည်ကြီးနှင့်တကွ ရုပ်ရှင်တော်မဟာမြတ်မုနီ အသိမ်းခံလိုက်ရသည်။
မြန်မာများသည် ရခိုင့်ရွှေနန်းတော်၊ ပိဋကတ်တိုက်တော်၊ ဘုန်းတော်ကြီးကျောင်း အကြီး (၃၀)၊ အငယ် (၃၀၀၀) ကျော်ကို မီးလျှို့ဖျက်ဆီးခဲ့သည်။
ရခိုင်တပြည်လုံး ဖူးဖူးရောင်သော လူသီကောင်များဖြင့် ပြန့်ကြဲလျှက်ရှိပြီး နှစ်ပေါင်း (၅၀၀၀) ကျော် ကိုယ့်ထီးကိုယ့်နန်းဖြင့် နီထိုင်လာခသော ရခိုင်နိုင်ငံတော်၌ တိုင်းသားပြည်သူများမှာ ကူမည့်သူမရှိ လွတ်ရာကို ထွက်ပြီးကြရသည်။
မြန်မာများသည် ပုခက်တွင်းသား ခလေးလူငယ်များကိုမချန်ပါသတ်ဖြတ်ကြပေသည်။
ရခိုင်မှတ်တမ်း၌ “အချေသူငယ်၊ အစိတ်ကေရို့၊ ပြုံးရယ်ရွှင်ဘိ၊ မိမသိကို၊ မွီးမိထံမှ၊ ယူပြီးမှလျှင်၊ လက်ကိုကိုင်မြှောက်၊ ကောင်းခင်ရောက်က၊ အောက်မှတဖန်၊ ဓါးကိုလှန်၍၊ ခံပြန်ပြုခါ၊ မြှောက်လီမှာလျှင်၊ ကျလာမလွဲ၊ နှစ်စိပ်ကွဲ၍၊ ရဲရဲသွီးစက်၊ အအူထွက်၏။ ဟူ၍ တွိရပါသည်။
အသတ်ခံခရသော ရခိုင်သားများကို “တင်းဝပန်းခိုင်၊ တမြိုင်မြိုင်၊ ရခိုင်လူအလောင်း” ဟူ၍ မှတ်တမ်းတင်ထားခဲ့သည်။ ဂဏန်းသင်္ချာအလို (၇) သန်းကျော်သည်။
နှစ်ပေါင်း (၄၀) လုံးလုံး ရခိုင်အမျိုးတုံးလားအောင် သတ်ဖြတ်ခဲ့ကြပြီး (၁၈၂၆) ခုနှစ် ဗြိတိသျှလက်အောက် ကျရောက်ရသောအခါ မြန်မာလက်အောက် နှစ် (၄၀) ငရဲစခန်းသည် တခန်းရပ်ခဲ့ပေသည်။
ကျူးကျော်သူမြန်မာများကိုမောင်းထုတ်၍ အင်္ဂလိပ်ရို့က တဖန်အုပ်ချုပ်သည်။ သို့သော်အင်္ဂလိပ်အုပ်ချုပ်ချိန်တွင် ရခိုင်ပြည်၌ လူမကျန်တော့ပေ။
ရခိုင်နိုင်ငံတော်တခုလုံးသည် သုသာန်တစပြင်ပမာ တောကြီးမျက်မဲဖြစ်နီလီတော့သည်။
အင်္ဂလိပ်အကာအကွယ်ကြောင့် သီကံမရောက်သတ်မပျောက်ပဲ ရခိုင်တချို့ ဘင်္ဂလားနယ်တွင် ကျန်ရစ်သည်။
ထိုသူများထဲမှ (၅) သောင်းခန့်ကို ပြန်ခေါ်ယူ၍ ရခိုင်ပြည်၌ ပြန်လည်နေရာချထားခဲ့ပြီး သခင်ပြောင်းလာသောအခါတွင်မူ ကျွန်ဘဝဆိုပေမယ့် ကျွန်တော်တို့ ရခိုင်တွေအတွက်ကံထူးကံမြတ်တစ်ခုဟုဆိုရပေမည်။
အဘယ့်ကြောင့်ဆိုသော် မြန်မာများ၏ လူမျိုးရေးမုန်းတီးမှုဖြင့် မျိုးဖြုတ်သတ်ဖြတ်ခြင်းမှ လွတ်မြောက်ခဲ့ရသည်မဟုတ်ပါလား။
မြန်မာလက်အောက် နှစ် (၄၀) လုံးလုံး ဒုက္ခရောက်နေခဲ့သော ရခိုင်သားများသည် ဗြိတိသျှလက်အောက်တွင် ကျွန်ဘ၀ဆိုပေမယ့်လည်း အသက်လျှူဖြောင့်ခဲ့ပြီး ကိုယ့်အိုးကိုယ့်အိမ် ပြန်နေခွင့်ရခဲ့သည်။ တနည်းဆိုရလျှင် ဗြိတိသျှရို့၏အကာအကွယ်ကို ရခိုင်တို့ရခဲ့သည်။
လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ရှိသဖြင့် အတော်အသင့် ချမ်းသာလာကြသည်။
ခေတ်ပညာကိုလည်း သင်ကြားခွင့်ရလာသည်။ ဘွဲ့ထူးဂုဏ်ထူးများကို ဆွတ်ခူးနိုင်ခဲ့သည်။ အင်္ဂလိပ်ခေတ်တွင် ရာထူးကြီးများကို ရခိုင်သားများထမ်းဆောင်နိုင်ခဲ့သည်ဟု အိုင်စီအက်စ် ဦးကျော်မင်းက မှတ်တမ်းရွီးဖူးခဲ့သည်။
ရခိုင်ကျွန်သက် (၁၀၁) နှစ် တင်းတင်းပြည့်သောအခါ (၁၈၈၆) ခု၊ ဇွန်နဝါရီလ (၁) ရက်နိတွင် ဗမာတပြည်လုံး အင်္ဂလိပ်လက်အတွင်းသို့ ကျရောက်ရသည်။
ဝဋ်ပြန်လည်သည်ဟုဆိုရပေမည်။
ရခိုင့်အမျိုးသားဆရာတော်ဥတ္တမသည် မြန်မာပြည်၌ လွတ်လပ်ရေးမျိုးစေ့ကို ဦးစွာပထမစိုက်ပျိုးခဲ့ပြီး ဝံသာနုစိတ်ဓါတ်ကို နိုးဆွပေးသည်။
အကြိမ်ကြိမ်ထောင်ကျ အဖမ်းခံခဲ့ရသည်။ အင်္ဂလိပ်လက်အောက်မှလွတ်မြောက်ရန် ရခိုင့်ခေါင်းဆောင်များသည် မြန်မာများနှင့်တန်းတူ ကြိုးပမ်းခဲ့သည်။
မင်းသားကြီးရွှီးဘန်းသည် အင်္ဂလိပ်ကို စတင်တော်လှန်ရန်ကြိုးပန်းသည်။
ဤသည်ကို မြန်မာမှတ်တမ်း၌မရှိပါဘူး။
ဖက်ဆစ်ဂျပန်ကို ရခိုင်က အယင်တော်လှန်သည်။ (၁၉၄၅) ခု၊ မတ်လ (၂၇) ရက်နေ့ မြန်မာက ဂျပန်ကို တော်လှန်သောအခါ ရခိုင့်ပြည်တွင် ဂျပန်မရှိတော့ပါ။ဒီလိုနှင့်
ရခိုင်တို့သည် ကိုယ်အားကိုယ်ကိုး တော်လှန်ခြင်းဖြစ်သည်။
ဗမာတပ်မတော်မှ ရိုင်ဖယ်တလက် အကူအညီမယူခဲ့ဘူး။
ဂျပန်အဆုတ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရခိုင်ပြည်သို့ရောက်လာသည်။
ဦးစိန္တာကျင်းပသော ကြာအင်းတောင်ညီလာခံကို တက်ဖြစ်သည်။
အလံနီပါတီမှ ဦးအောင်သန်းက ဗိုလ်ချုပ်အောင်ဆန်းကို လူသတ်မှုဖြင့် တရားစွဲသည်။
စစ်တွေကြက်ကိုင်းတန်တွင် “ရခိုင်တကျပ်၊ ဗမာတကျပ်၊ သျှမ်းတကျပ်၊ ဗမာတကျပ်” တရားကိုဟောသည်။ စည်းရုံး၍မရသဖြင့် “မြွီပွီးနှင့် ရခိုင်ကိုတွိလျှင် ရခိုင်ကို အယင်သတ်ရမည်” ဟု မြန်မာပြည်တွင် ဝါဒဖြန့်သည်။
သခင်စိုး၊ သခင်သန်းထွန်း၊ ကွန်မြူနစ်အဖွဲ့များကလည်း ဆရာတော်ဦးပညာသီဟအား ဗမာပြည်လွတ်လပ်ရေးရလျှင် ရခိုင်ကိုလည်း လွတ်လပ်ရေးပေးမည်။
မန္တလေးမဟာမုနိကိုလည်း ပြန်ပေးမည်ဟု လိမ်ခဲ့ပြီး ရခိုင်ဂေါင်းဆောင်များက မြန်မာမကျက်လှည့်ကို ယုံခဲ့မိပြီး
လွတ်လပ်ရေးရလာသည်။
သို့သော် မြန်မာ့လွတ်လက်ရေးဖြစ်သည်။
ရခိုင်နှင့်မဆိုင်ပါ။ သျှမ်းနှင့်မဆိုင်ပါ။
မွန်နှင့်မဆိုင်ပါ။ ကရင်နှင့်မဆိုင်ပါ။
တိုင်းရင်းသားများကို ကလိမ်ကကျစ်လုပ်၍ ရယူခဲ့သော လွတ်လပ်ရေးဖြစ်သည်။ ဗိုက်ချုပ်အောင်ဆန်းပြောသော ရခိုင်တကျပ်-မွန်တကျပ်။
သျှမ်းတကျပ်-ဗမာတကျပ်မသည် တိုင်းရင်းသားတကျပ်-ဗမာအားလုံးဖြစ်လာသည်။
တိုင်းရင်းသားများ တကျပ်တကျပ်စီရသောအခါ မြန်မာ (၇) ကျပ် အိပ်ဝင်သပိတ်ဝင် ချောင်ရခဲ့သည်။
(တနည်းပြောရလျှင် ရခိုင်တို့သည် မြန်မာများအောက် နောက်တကြိမ် ကျွန်ဇာတ်အသွင်းခံလိုက်ရသည်။)
မြန်မာရို့သည် သမိုင်းစဉ်တလျှောက် ရခိုင်လူမျိုးအပေါ် မည်သည့်အခါမှ ကောင်းကျိုးမပေးခဲ့ဘူး။ ဗိုလ်ရန်အောင်ဂေါင်းဆောင်သော ဗမာ့တပ်မတော်သည် မောင်ဝိုင်းတပ်အပြီး နှစ်ပေါင်း (၁၁၆) နှစ်အကြာတွင် ရခိုင်ပြည်၌ ခြေချလာပြီး (၁၉၄၂) ခုတွင် ကုလားရန်ကိုကြောက်၍ထွက်ပြီးလာသော ရခိုင် (၄၀၀) ကျော်ကို ဗိုလ်ရန်အောင်သည် အကူအညီမပေးသည့်အပြင် သင်္ဘောကိုဖောက်၍ လုပ်ကြံလိုက်သည်။
ရခိုင်တွေမရှိတော့ သူတို့လွတ်လပ်ရေးအပြည့်အ၀ရပြီပေါ့
အင်း……မြန်မာပြည်လွတ်လပ်ရေးရပြီ။ဒီလိုနှင့်ဘဲဗျာ…..
လွတ်လပ်သောမြန်မာပြည်တွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးတော့မည်။
ပါလီမန်စနစ်တွင် ကျန်ရှိသော ရခိုင်သားများ လွတ်လပ်စွာပြောဆိုခွင့်၊ တင်ပြခွင့်ရပေမယ့်လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိဘူး။၊ဒီလိုနှင့် (၁၉၅၂) ခုနှစ်တွင် တောပန်ဇင်း၊ အခစား (ကျော်တော်)၊ မကျည်းကုန်း(မာန်အောင်) စသောရွာများကို ရွာလုံးကျွတ်သတ်ဖြစ်ပြီး ဦးနုက ရခိုင်သားများကို ဒီမိုကရေစီနှင့်မိတ်ဆက်ပေးခဲ့သည်။
ဦးနု၏ဒီမိုကရေစီသည် ရခိုင်သားများအဖို့ ခါးသီးလှသည်။ မြောက်ဦးမြို့နန်းရာကုန်းထက်တွင် ရခိုင်မျိုးချစ်တစ်ယောက်ဖြစ်သောဦးထွန်းလှအောင်ကို မြန်မာစစ်တပ်က ကျားထိုးသတ်ပစ်လိုက်သည်။
ရခိုင်နိုင်ငံတော်သည် ဂျပန်ထက် အဆပေါင်းများစွာဆိုးသော မြန်မာလက်အောက်သို့ တဖန်ကျရောက်ခဲ့ပြီး
(၁၉၅၈) ခုနှစ်တွင် ဖဆပလနှစ်ခြမ်းကွဲခဲ့သည်။ ပြည်နယ်ပြဿနာပေါ်လာသည်။
ဦးနုဂေါင်းဆောင်သော တည်မြဲဖဆလက သူ့ပါတီကိုမဲပေးလျှင် ရခိုင်ကိုပြည်နယ်ပေးမည်ဟုလိမ်ပြန်သည်။ သန့်ယှင်းဖဆပလဘဆွေက “ပြည်နယ်မပေးနိုင်ဘူး။
ခင်ဗျားတို့ကို ကျန်တဲ့ဟာကိုဘဲ ပေးနိုင်မည်” ဟု ပြောင်တိုက်စိတ်ခေါ်သည်။
ရခိုင်သားများသည် ပြည်နယ်အဆင့်ကိုပင် မြန်မာများထံမှ လက်ဖြန့်တောင်းခံရသော သူတောင်းစားဘဝကျရောက်ရတော့သည်။
ပြည်နယ်လိုချင်သော ရခိုင်သားများသည် မျက်စိမှိတ်၍ အမတ်နီရာ (၉) ခုစလုံးကို ဦးနုအားပုံအောလိုက်သည်။
(၁၉၆၀) ပြည့် ဖေဖေါ်ဝါရီလလူထုဆန္ဒမဲပေးပွဲတွင် ဦးနုပါတီအနိုင်ရသည်။
သို့သော် ရခိုင်သားများပြည်နယ်မရ။ ဒုတိယံပိအလိမ်ခံရသည်။ ရခိုင်သားများမှာ အရှက်လည်းရ ဝမ်းလည်းကြီးရသည်။ “ဦးနုကတိတည်ပါစီ။
ရခိုင်ပြည်နယ်အယင်ပီး။” ဟူ၍သာ ငယ်သံပါအောင်အော်၍ လိုင်ခြောင်းကွဲဟိုက်အော်နေချိန်တွင်
ဦးနုသည် ဟန်မဆောင်နိုင်တော့ပေ။ နေဝင်းကို အာဏာလွှဲအပ်လိုက်ရသည်။ မြန်မာများ၏ပင်ကိုယ်ဘီလူးရုပ်ကို ပြရတော့သည်။
အောင်ဆန်း “တကျပ်” ကို နေဝင်းက လုယူလားခဲ့သည်။ ထိုအခါ မြန်မာက (၁၄) ကျပ်ရ၍ တိုင်းရင်းသားများမှာ တကျပ်မှမရခဲ့ပါဘူး။
(၁၉၆၇) ခုနှစ် သြဂုတ်လ (၁၃) ရက်ဥပုသ်နိ စစ်တွေမြို့တွင် ရခိုင်သား (၃၀၀) ကျော်ကို နေဝင်းသတ်ပစ်လိုက်သည်။ “ဘားဗူဟိယင့်၊ ဆန်ဟိယင့်၊ ဒိုင်းကျီဟိယင့် ရီယိဟင့်” ဘဝင်မြင့်သောရခိုင်သား။
နေဝင်းလက်အောက် ထမင်းငတ်၍ သူတောင်းစားဖြစ်သည်။ (“ယခီး” ဟု အခေါ်ခံရသည်။
မြန်မာ (ဗချီး) နှင့် ရခိုင် (ယခီး) အသားစားအရီစားဖြစ် ခဲ့ရသည်။)
မြဆန်စက်ရှိတွင် ရခိုင်သားများ ခွေးသေ ဝက်သေ သေကြရသည်။
“မသီပါသိမ့်၊ အသက်ဟိသိမ့်ရေ” ဆိုရင်လည်း မလွတ်။
အရှင်လတ်လတ် မြီမြှုပ်ခံရသည်။ မဆလလက်အောက် ရခိုင်တမျိုးသားလုံး စာရိတ္တမဏ္ဍိုင်ပျက်စီး၍ ရခိုင်လူညွန့်တုံးသည်။
ညီအစ်ကိုပါဟု မြန်မာများလိမ်၍မရ။ ရခိုင်နှင့်မြန်မာသည် တသီးတခြားဖြစ်သည်။
ရခိုင်လူမျိုးသည် သမိုင်းစဉ်ဆက် ကိုယ့်ထီးကိုယ့်နန်း ရာဇဝင်နှင့်လာသော လူမျိုးတမျိုးဖြစ်သည်။ မြန်မာတို့သည် မွန်ကတဆင့် ဗုဒ္ဓဘာသာဖြစ်သည်။
မြန်မာများ အရေးကြီးရဟန်းကိုးကွယ်နေချိန်တွင် ရခိုင်ပြည်၌ နှစ်ပေါင်းတထောင်ကျော် ဗုဒ္ဓဘာသာ အမြစ်တွယ်ပြီးဖြစ်သည်။
ဧရာဝတီမြစ်သည် ကပ္ပလီပင်လယ်ထဲသို့စီးဝင်သည်။
ကုလားတန်မြစ်သည် အင်္ဂလားပင်လယ်ထဲသို့ စီးဆင်းသည်။ ရခိုင်နှင့် မြန်မာသည် မြီလည်းမတူ၊ ရီလည်းမတူ၊ လူလည်းခြားသည်။
(၈၈) အရေးအခင်းဖြစ်၍ ဗမာတပြည်လုံး ဆူညံဟိုက်အော်နေချိန်တွင် ရခိုင်ပြည်ကိုလည်း ကူးစက်လာခဲ့သည်။
(၁၉၉၀) ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပါတီ (ALD) က အမတ် (၁၁) နီရာရခဲ့ပြီး
အဖိုးဦးသာထွန်း ထောင်ထဲ၌အသတ်ခံရသည်။ များမကြာ၊ ရခိုင်ပါတီ အဖြိုခံရသည်။ ရခိုင်ဂေါင်းဆောင်များကို ဖမ်းဆီးထောင်ချသည်။
(NLD) ပါတီက မဲဆွယ်တရားဟောနေချိန်တွင် ရခိုင်သားမျာမှာ ယေင်၍ပင် ဟ၍မရ။
ပြောမိဆိုမိလျှင် မျက်ကန်းမျိုးချစ်၊ အမြင်ကျဉ်းသူများအဖြစ် တံဆိပ်အရိုက်ခံရသေးသည်။
ကျဉ်းမြောင်းသော မြန်မာလူမျိုးငယ်ဝါဒအောက်တွင် ရခိုင်သားများ၏ဘဝ စုန်းစုန်းမြုတ်ရပါတော့သည်။
(၁၉၇၄) ခုနှစ် ဖွဲ့စည်းပုံကို နေဝင်းက (၉၉) ဒဿမ (၇) ရာနှုန်း ထောက်ခံမှုရသည်ဟုလိမ်၍ အတည်ပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက “မြွီပွီးနှင့် ရခိုင်ကိုတွိလျှင် ရခိုင်ကိုအယင်သတ်ရမည်” ဟုပြောခဲ့ပြီး
ရခိုင်စည်ရုံးရေးခရီးအပြီးတွင် ယခု(NLD)ပါတီဥက္ကဌဒေါ်စုက “ကျွန်မတော့ ရခိုင်ကိုချမ်မိသွားပြီး”
ဟုလည်းပြောလိုက်သေးတယ်။ ဟားးးးးဟားးးး ဒါပေမယ့် ဘယ်သူ့ကိုယုံရမည်နည်း။ ဘာကြောင့်ယုံရမနည်း။
ဒီအချိန်မှာ ကျွန်တော်တို့ရခိုင်တိုင်းရင်းသားများ ဒေါ်စုကိုယုံစရာ မလိုစည်းစားစရာမလိုတော့ဘူးထင်ပါတယ်။
အခုလည်း (၂၀၁၃) ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နိတွင် ရခိုင်ကျွန်သက် အနှစ် (၂၂၉) တင်းတင်းပြည့်တော့မည်။
ယခုတဖန် ရခိုင့်ကံကြမ္မာသည် ကျွန်တော်တို့ရဲ့ခေါင်းထက်သို့ ကျရောက်နေပြီထင်ပါတယ်။
နှစ်ပေါင်း (၂၂၉) ကျွန်ဖြစ်နေခဲ့သော ကျွန်တော်တို့ရဲ့ နီဝင်ခဲ့သောကျွန်တော်တို့ အဖရခိုင်ပြည်ကြီး
အခုအချိန်တွင် အလင်းရောင်တွေ နည်းနည်းလောက်တော့ ရရှိလာပြီဟု ကျွန်တော်တို့ခံစားမိသည်။ဒါကြောင့်
ရခိုင်ပြည်အနာဂတ် ရခိုင်သားများပြုပြင်ပြောင်းလဲ တီစောင့်ရှောက်ရေး…..
ရခိုင်သားများညီညွတ်ရေး ရခိုင်သားမျိုးဆက်သစ်လူငယ်များစုပေါင်းစည်းလုံးရေး……
ရခိုင်အနာဂတ်ရခိုင်သားများဘယ်လိုအကောင်းဆုံးပြုပြင်ပြောင်လဲပြီတော့ ဒီအချိန်မှာဘာတွေလုပ်သင့်သလဲ စဉ်းစားဆုံးဖြတ်ပြီးတော့ လက်ရှိတိုင်ပြည်ရဲ့ ပြဿနာတွေကြားမှာ ကျွန်တော်တို့ကိုကျွန်တော်တို့ဘယ်လိုရှေ့ဆက်ဘယ်လိုရှင်သန်မှာလဲ ဘာတွေလုပ်ကြမှာလဲ အားလုံးဆုံးဖြတ်စဉ်းစားကြပြီး ကျွန်တော်တို့အဖရခိုင်ပြည်ကြီး တိုးတက်ပြောင်းလဲဖို့အတွက်
ကျွန်တော်တို့ရခိုင်သားတိုင်း လက်တွဲလက်ဆောင်ရအောင် ကျွန်တော်တန်းဖိုးထားချစ်မြတ်နိုးတဲ့ ကျွန်တော်တို့ရဲ့ အဖရခိုင်ပြည်ကြီးနှင့်…..
ကျွန်တော်မြတ်နိုးတန်ဖိုးထားတဲ့ ကျွန်တော်တို့ရခိုင်လူမျိုးများအားလုံးအားလေးစာဇွာဖြင့်တိုက်တွန်းနိုးဆော်လိုက်ရပါတယ်ခင်ဗျာ……..
အားလုံးကိုလေးစားလျှက်ကျွန်တော်
အောင်ကိုစိုင်းပါ။

0 comments