Related Posts Plugin for WordPress, Blogger...

From :dvb


 ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ အစိုးရတပ် နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ရွာသားတွေ လုပ်ငန်းခွင်ဝင်ဖို့ အခက်တွေ့နေပါတယ်။ အစိုးရတပ် နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့တို့ကြား ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာထဲကို လက်နက်ကြီးကျကာ ၂ ဘက်တပ် တွေလည်း ဆုတ်ခွာမှုမရှိသေးတဲ့အတွက် ရွာသားတွေ ရွာပြင်ထွက်ဖို့ အခက်တွေ့ နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် နမ္မတူမြစ်ရေကြီးလို့ အနီးနားပတ်ဝန်းကျင် လယ်ကွင်းနဲ့ ပြောင်း စိုက်ခင်းတွေထဲ ရေ၀င်တဲ့အတွက် ဒေသခံတွေဟာ သီးနှံတွေရသလောက် ပြန်ရိတ်သိမ်းဖို့ အပြင်မထွက်ရဲဘူးလို့ ရေကြီးတဲ့နေရာကို ကွင်းဆင်းစစ်ဆေးဖို့ ရောက်ရှိနေတဲ့ ကျားဖြူပါတီက ပြည်နယ်လွတ်တော်အမတ် ဒေါ်နန်းခမ်းအေးက ပြော ပါတယ်။ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေပေမယ့် ပြည်သူတွေဘ၀ ကျီးလန့်စာစားနေရ ကြောင်းနဲ့ ပစ်ခတ်မှုတွေ ထိန်းချုပ်ပေးဖို့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး နဲ့ ရှမ်းပြည်နယ် လုံခြုံရေး၊ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူတို့ကို စက်တင်ဘာ ၁၈ ရက်နေ့က တယ်လီဖုန်းနဲ့ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ တိုင်းမှူး နဲ့ ၀န်ကြီးကလည်း သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေကို ညွှန်ကြားပေးပါ့မယ်လို့ ပြောဆိုခဲ့ကြောင်း၊ ဒါပေမယ့် ရွာပြင်မှာ စစ်တပ်တွေ ရှိနေတုန်းပဲလို့ ဒေါ်နန်းခမ်းအေးက ပြောပါတယ်။ အဲဒီဒေသမှာ ပြီးခဲ့တဲ့အပတ်က မိုးဆက်တိုက်ရွာလို့ နမ္မတူချောင်းရေလျှံပြီး မိုင်းယဉ်တာတမံကျိုးကျသွားကြောင်း၊ မိုင်းယဉ်၊ ပန်ခမ်း ၊ ၀ိန်းနန်၊ မန့်ဆာလုန် စတဲ့ရွာတွေက စပါးခင်းနဲ့ ပြောင်းပင်တွေ ဧကပေါင်း ၁၀၀ ကျော် ရေနစ်ခဲ့ကြောင်း၊ ရေပြန်ကျသွားပေမယ့် သီးနှံပျက်စီးမှုရှိပြီး စာရင်းအတိအကျ မကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။ ရှမ်းပြည်တပ်မတော်နဲ့ အစိုးရကြား ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားပေမယ့် တစ်နှစ်ခွဲကျော်ကာလမှာ တိုက်ပွဲအကြီးအငယ် စုစုပေါင်း ၂၀၀ ကျော် ပြန်ဖြစ်ခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက ပြောပါတယ်။

 www.MyanmarExpress.net

Posted by Arakan Man on 9/20/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ