Related Posts Plugin for WordPress, Blogger...


နိုင်ဂျီးရီးယားနိုင်ငံ၏ အာဏာရပါတီ ဖြစ်သည့် ပြည်သူ့ဒီမိုကရက်တစ် ပါတီ(ဏီဏ)တွင် အုပ်စု ကွဲခဲ့ပြီး နောက် နိုင်ငံရေးသမားများ အ ပြန်အလှန် လက်သီးထိုးပွဲဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ရက်သတ္တခုနစ်ပတ်ကြာ ရပ် နားထားခဲ့သော အောက်လွှတ် တော်အစည်းအဝေး ပြန်လည် စတင်စဉ် ယခုကဲ့သို့လက်သီးထိုး ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်းများတွင်ဖော်ပြချက် အရ သမ္မတဂွတ်လပ်ဂျိုနသန်ကို သစ္စာစောင့်သိသော လွှတ်တော် အမတ်များက အော်ဟစ်လှောင် ပြောင်ရာမှ ပြိုင်ဘက်များကို မခံ မရပ်နိုင်ဖြစ်စေကာ အပြန်အလှန် လက်သီးထိုး ပွဲပေါ်ပေါက်လာခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။အောက်လွှတ်တော်ရှိ အုပ် စုသစ်က သမ္မတဂျိုနသန်အနေ နှင့် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရရန် ကြိုး ပမ်းနေခြင်းကို လိုလားခြင်းမရှိ ကြဟု သိရသည်။ သမ္မတဂျိုနသန် က ရွေးကောက်ပွဲတွင် ပြန်လည် ယှဉ်ပြိုင်ရန် ယခုအချိန်အထိပြော ကြားခြင်းမရှိသေးသော်လည်း သူ၏ဇနီးအပါအဝင် မဟာမိတ် အချို့တို့က သမ္မတဂျိုနသန်အ တွက် မဲဆွယ်စည်းရုံးမှုကိုစတင် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

အဘူဂျာမြို့ရှိအောက်လွှတ် တော်တွင်း ရန်ပွဲတွင် ဝရုန်းသုန်း ကားဖြစ်ပွားနေစဉ်အတွင်း နိုင်ငံ ရေး သမားတစ်ဦးက အခြားတစ်ဦး ၏အကျÐကို ဆွဲဖြဲခဲ့သည်ဟု ဆို သည်။ လွှတ်တော် အမတ်များ၏ ရန်ပွဲသည် ၁ဝမိနစ်ခန့်ကြာမြင့်ခဲ့ သည်ဟု သိရသည်။ရုပ်မြင်သံကြားပြကွက်တွင် မူ အမျိုးသမီး အမတ်တစ်ဦးက အခြားလုပ်ဖော်ကိုင်ဖက် အမတ် တစ်ဦး၏မျက်နှာကို လက်ညှိုးဖြင့် ထိုးခဲ့သကဲ့သို့ အမတ်တစ်ဦးကမူ အခြားအမတ်တစ်ဦးကို ထိုင်ခုံဖြင့် ရိုက်ရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ ရသည်။
From: YMG

www.mmdailystar.com

Posted by Arakan Man on 9/20/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ