Related Posts Plugin for WordPress, Blogger...


 သမ္မတ ဦးသိန်းစိန်နဲ့ တရုတ် ၀န်ကြီးချုပ် လီကာကျန်း တို့ တွေ့ဆုံစဉ်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်


မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားအဆိုအရ နန်နင်းမှာ စက်တင်ဘာ ၃ ရက်နေ့က ၆ ရက်နေ့ထိ
ကျင်းပမယ့် ၁၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ တရုတ်- အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ဖို့ မနေ့က မနက်ပိုင်းက သမ္မတ ဦးသိန်းစိန်နဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နေပြည်တော် က ထွက်ခွာ သွားတာပါ။

နန်နင်းမှာတော့ တရုတ် ၀န်ကြီးချုပ်နဲ့ လီယွမ် အပြည်ပြည်ဆိုင်ရာ ခမ်းမမှာ ၂ နိုင်ငံ ဆွေမျိုးပေါက်ဖော် မဟာမိတ်ဆက်ဆံရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး၊ မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးနှင့် ပတ်သက်၍ ရင်းနှီးခင်မင်စွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်” လို့ MRTV က ဆိုပါတယ်။

ဦးသိန်းစိန်ဟာ တရုတ် ကွန်မြူနစ်ပါတီ ကွမ်ရှီး ပြည်သူ့ကွန်ဂရက် အတွင်းရေးမှူး Mr.Peng Quighua နဲ့လည်း ခေတ္တတ ည်းခိုရာ ဟိုတယ်မှာ လက်ခံ တွေ့ဆုံခဲ့ပါသေးတယ်။

မနေ့ညပိုင်းကတော့ ညစာစားပွဲကို တက်ရောက်ခဲ့ပြီး ဒီကနေ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ် တယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး နို်င်ငံ စာရင်းဝင် နိုင်ငံတနိုင်ဖြစ်ပြီး စီမံကိန်း လုပ်ငန်း ၅၀ ခန့် မှာ ရင်းနှီးမြှု့ပ်နှံထားသလို စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၅ ဘီလျံနီးပါး ရှိတယ်လို့ သိရပါတယ်။


အိမ့်သံစဉ် ~

Posted by Arakan Man on 9/03/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ