Related Posts Plugin for WordPress, Blogger...

    

တောင်ကျချောင်းရေကြောင့် နမ္မတူမြို့နယ်အတွင်းရေလျှံနေအိမ်များပျက်စီး



သျှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း အောက်တိုဘာ ၇ ရက်နေ့က  မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် အချို့လူနေအိမ်များ ရေနှင့်အတူ မျောပါသွားသည်ဟု ဆိုသည်။
ယင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆိုက်ခေါင်ကျေးရွာအုပ်စုရှိကောင်းကလားချောင်း၊ နမ့်တောင် ကုန်းကျေးရွာအုပ်စုရှိ နမ့်မီချောင်းများ ရုတ်တရက်လျှံတက်လာသဖြင့် ရွာသားများ ညတွင်းချင်း ရေဘေး ရှောင်ခဲ့ရကြောင်း ဒေသခံစိုင်းအိုက်ဖေက ပြောသည်။
nump yao
စိုင်းအိုက်ဖေက “တညလုံးမိုးရွာချလို့လေ၊ ကလားချောင်းရေကြီးလို့ ဆိုက်ခေါင်အုပ်စု နမ့်ကန်ရွာက အိမ်တွေ ကို ၀င်တိုက်တာ။  နမ့်တောင်ကုန်းအုပ်စု ပိန်းလုံရွာကတော့ နမ့်မီချောင်းရေကြီးတာ။ တောင်ကျ ရေတွေက မတရားဆင်းလာတော့ ရွာသားတွေ ညတွင်းချင်း  ထွက်ပြေးရတယ်လေ။ နမ့်ကန်ရွာက ကျားဖြူပါတီဝင် စိုင်းဆန်ပန်းအိမ်ဆို  ဘာမှမကျန်ဘူး” ဟု ပြောသည်။
ရေရုတ်တရက်ဝင်တိုက်မှုကြောင့် စိုင်းဆန်ပန်းအိမ်မှ ငွေကျပ် ၁ သိန်းခွဲ၊ အိမ်အသုံးအဆောင်အိုးခွက် ပန်းကန်နှင့် အိမ်ပြင်ရန်စုထားသည့် သစ်များအားလုံးရေနှင့်အတူ ပါသွားကုန်သည်ဟုဆိုသည်။
ရေဘေးကြုံ ရွာသားများအတွက် ဒေသတွင်းမှ ကျောင်းထိုင်ဆရာတော်ဘုရားများဦးဆောင်ကာ အုပ်စုအုပ် ချုပ်ရေးမှူးများ၊ ၀ုန်းမေတ္တာအသင်း နှင့် ရွာသားများ အလှူငွေ စုဆောင်းကာကူညီ ထောက်ပံ့မှုများ ပေးခဲ့ သည်ဟု ဘုရားဒါယိကာတစ်ဦး ကပြောသည်။
ယခုကဲ့သို့ နမ့်မီချောင်း နှင့် ကလားချောင်း ရေမတရားလျှံတက်မှုသည် နှစ်ပေါင်း ၅၀ အတွင်း တကြိမ်တခါမျှ မကြုံခဲ့ဖူး ဟု စိုင်းဆန်ပန်း ကပြောသည်။
နမ္မတူမြို့နယ် ဒေသခံများသည် နမ္မတူမြစ် ခေါ် ဒုဌဝတီမြစ်၊ နမ့်ယော် ချောင်းရေကြီး ယခုနှစ်အတွင်း သုံးကြိမ်ထက်မနည်းရေကြီးခဲ့သဖြင့် နမ္မတူ - လားရှိုး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်သည့်အထိ တစ်ကြိမ်ကြုံခဲ့ရသည်။
သျှမ်းသံတော်ဆင့်သတင်း 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ