Related Posts Plugin for WordPress, Blogger...

From : ... dvb


ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မလား၊ အသစ်ရေးဆွဲမလားဆိုတာကို ပြည်သူ့ဆန္ဒ သဘောထားရယူမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲ့ဒီကြေညာချက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေ ဖွဲ့စည်းပုံပြင်မလား၊ အသစ်ရေးဆွဲမလား ဆိုတဲ့အချက်အပေါ် တညီတညွတ်ထဲ ဆုံးဖြတ်ချက်မချနိုင်တာကြောင့် အခုလို ပြည်သူ့ဆန္ဒရယူဖို့ လုပ်ဆောင်မှာလို့ ဖော်ပြထားပါတယ်။

ဆန္ဒသဘောထား ကောက်ယူသွားမယ့်အခြေအနေတွေနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီရဲ့ ပြောခွင့်ရ ဦးဝင်းမြင့်က အခုလို ပြောပါတယ်။
“အခု ကျနော်တို့ အဖွဲ့ ၇ ဖွဲ့ ခွဲထားတယ်။ ပြင်ဆင်ရေးကော်မတီက တဦးစီပါမယ်။ သက်ဆိုင်ရာ ပြည်နယ်တိုင်းက စီစီတွေပါမယ်။ သက်ဆိုင်ရာ ပြည်နယ် တိုင်းစည်းတွေပါမယ်။ အဲဒါတွေနဲ့ ဒီဇင်ဘာလကုန်နောက်ဆုံးထားပြီး ပြည်နယ်တိုင်းအသီးသီးကို တာဝန်ပေးပြီး တာဝန်တွေ ခွဲဝေချထားတယ်။ သူတို့က နယ်တွေကို ဆင်းပြီး ရှင်းလင်းတင်ပြ သဘောထားဆန္ဒ ခံယူကြမယ်။”
ဆန္ဒသဘောထား ကောက်ယူဖို့ သွားမယ့်သူတွေဟာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေကို ညှိနှိုင်းနေပြီ ဖြစ်ပြီး အောက်တိုဘာလလယ်လောက် စပြီး လုပ်ဖြစ်မယ်လို့ မှန်းထားကြောင်း ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ရေးကိစ္စ ပြည်သူ့သဘောထား ဆန္ဒခံယူရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဦးဝင်းမြင့်က အခုလိုပြောပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက အုပ်ချုပ်ခံပြည်သူလူထုနဲ့ အုပ်ချုပ်တဲ့အစိုးရအကြားမှာ ပဋိညာဉ်စာချုပ်တခုပဲလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေက အခြေခံ အကျဆုံးပဲလေ။ ပြည်သူ့ဆန္ဒနဲ့ ပြည်သူ့သဘောထား ကိုလည်း လွှတ်တော်မှာ ရောင်ပြန် ဟတ်ချင်လို့ ပြည်သူ့ဆန္ဒကို ယူတာပါ။
“ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှ၊ တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှအခွင့်အရေးတွေရမှ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရမှ၊ ဒါမှသာ ပြည်တွင်းငြိမ်းချမ်းရေးလည်း ရရှိမယ်၊ နိုင်ငံသူ နိုင်ငံသားအားလုံးလည်း ဒီမိုကရေစီအသီးအပွင့်ကို ခံစားမယ်၊ ဒါကြောင့် ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံမျိုးဖြစ်အောင် ကျနော်တို့ကလည်း ရှင်းပြမယ်၊  ပြည်သူ့ဆန္ဒကို ပြန်လည်ရယူမယ်။”
ရရှိလာတဲ့ ပြည်သူ့သဘောထားတွေကို ပြည်ထောင်စု လွှတ်တော်ကို တင်မယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ ပြည်သူ့သဘောထား ရယူတဲ့နေရာမှာ ပြည်သူတွေ ပူးပေါင်းကူညီကြဖို့လည်း အဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
 
. www.MyanmarExpress.net
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ