Related Posts Plugin for WordPress, Blogger...

နိရဉ္စရာ


ရွှေဝါရောင် (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို စစ်တွေမြို့တွင် မိဇံ ရပ်ကွက် လူငယ်များက ဆရာတော် အပါး (၅၀) ကို ပင့်ဖိတ် ဆွမ်းလောင်းပြီး ကုသိုလ် ဒါနပြုလုပ်ကာ ကျင်းပခဲ့ကြသည်ဟု သတင်း ရရှိသည်။

အဆိုပါ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သူ စစ်တွေ သံယာ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ဆရာတော် ဦးပညာဝံသက နိရဉ္စရာကို ယခုလို မိန့်ကြားသည်။ “ ဒီအခမ်းအနားကို စစ်တွေ မိဇံရပ်ကွက်က ကျောင်းသား လူငယ်တွေက ဦးဆောင် ပြုလုပ်ကြတာ ဖြစ်ပါတယ်။

သူတို့က ရွှေဝါရောင်တော်လှန်ရေး အတွင်းမှာ ပြည်သူလူထုရဲ့ ဒုက္ခတွေကို မမြင်ရက်လို့ ပါဝင်ကူညီရင်း ကျဆုံးသွားခဲ့ကြရတဲ့ ရဟန်းတော်တွေကို ရည်စူးပြီး နှစ်ပတ်လည်နေ့မှာ ဆွမ်းလောင်းလှူချင်တယ်လို့ ပင့်ဖိတ်တဲ့ အတွက် ဦးဇင်း အပါအ၀င် ရဟန်းတော် အပါး (၅၀) တက်ရောက်ပြီး သူတို့ အလှူကို လက်ခံခဲ့ကြပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

အခမ်းအနားကို ယနေ့ နံနက် ၉ နာရီကျော်တွင် ပြုလုပ်ခဲ့ပြီး ပြည်သူ တစ်ရာကျော်က ပါဝင် ဆွမ်းလောင်းလှူခဲ့ကြသည်ဟု ဆိုသည်။ “ ဦးဇင်းတို့ကတော့ ဟောပြောပွဲတွေ မလုပ်ဖြစ်ပါ။ ဒါပေမယ့်လည်း တကာ တကာမတွေနဲ့ စုဝေးပြီးတော့ ရွှေဝါရောင် အရေးအခင်း အကြောင်းအရာတွေကိုတော့ ပြောဖြစ်ကြပါတယ်။ တခြား သိပ်ပြီးတော့ မပြောဖြစ်ပါ” ဟု ဆိုသည်။

ယခု ရွှေဝါရောင် နှစ်ပတ်လည်နေ့ အခမ်းအနားကို စီစဉ်သူများမှာ စစ်တွေ မိဇံရပ်ကွက်မှ ကျောင်းသား လူငယ်များ ဖြစ်ကြပြီး လူငယ်အများစုမှာ မိမိအသိစိတ်ဓါတ်ဖြင့် ပြုလုပ်ကြခြင်း ဖြစ်သည်ဟု စီစဉ်သူများထဲမှ လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုအောင်နိုင်ချေက ဆိုသည်။

သူတို့၏ ရွှေဝါရောင် နှစ်ပတ်လည်နေ့ကို လုပ်ရသော ရည်ရွယ်ချက်မှာ ၎င်းအရေးအခင်း အတွင်း ကျဆုံးသွားခဲ့ကြသော ရဟန်းတော်များနှင့် ကျောင်းသား ပြည်သူများကို သူတို့နှင့် ထပ်တူ ရှိနေခြင်းကို ပြသလို၍ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယနေ့ပြုလုပ်သော အခမ်းအနားကို အာဏာပိုင်များထံမှ ခွင့်ပြုချက် မယူဘဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားမူ မရှိ၍ အာဏာပိုင်များကို ကျေးဇူးတင်ကြောင်း၊ ယင်းပြင် အခမ်းအနားသို့ တက်ရောက်လာကြသည့် ရဟန်းတော်များ၊ အမျိုးသမီး ကွန်ယက် အဖွဲ့ဝင်များနှင့် ပါတီမှ ခေါင်းဆောင်များကိုလည်း ကျေးဇူးတင်ပါကြောင်း ကိုအောင်နိုင်ချေက ပြောသည်။ ရခိုင်ပြည်နယ် မြို့တော် စစ်တွေသည် ပြည်သူများအတွက် ကြီးမြှင့်လာသော ကုန်ဈေးနုန်းကို ချပေးရေန် အစိးရကို ရဟန်းတော်များ စစ်တွေမြို့ လမ်းမများပေါ်တွင် စတင် ဆန္ဒပြ တောင်းဆိုခဲ့သော မြန်မာပြည်ထဲမှ မြို့ဖြစ်သည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ