Related Posts Plugin for WordPress, Blogger...



ကမ္ဘာပေါ်မှာ အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး အဖြစ် မှတ်တမ်း ၀င်ခဲ့တဲ့ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးဟာ နှစ်ပေါင်း ၄၀၀ ကျော်ခန့် ဒေါပုံမြစ်အတွင်းမှာ နစ်မြုပ်နေ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို နစ်မြုပ်နေတဲ့ ခေါင်းလောင်းတော်ကြီးကိုတော့ လာမယ့် လပိုင်းအတွင်း ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီးရဲ့ ကမကထ ပြုမှုနဲ့ ပြန်လည် ရှာဖွေ ဆည်ယူ တော့မှာ ဖြစ်ပါတယ်။

ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီးနဲ့ ဆံတော်ရှင်များ သာသနာ့ အကျိုးတော်ဆောင်ချုပ် ဆရာတော် ဘုရားကြီး ၂ ပါးတို့ရဲ့ ကမကထပြု ဆောင်ရွက်မှုနဲ့ နှစ်ပေါင်း ၄၀၀ ကျော်ခန့် ဒေါပုံမြစ် အတွင်းမှာ နစ်မြုပ်နေတဲ့ ကြေးသွန်း ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ပြန်လည် ရှာဖွေဆည်ယူ တော့မှာ ဖြစ်တယ်လို့ စက်တင်ဘာလ ၁၆ ရက်နေ့က ကျိုက်ထီးဆောင်း စေတီတော်ကျောင်း တိုက်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာ တွေ့ဆုံပွဲမှာ မိန့်ကြား ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ခေါင်းလောင်း တော်ကြီး ကိုတော့ ကောဇာသက္ကရာဇ် ၈၅၂ ခုနှစ်မှာ မွန်ဘုရင် ဓမ္မစေတီမင်းက ရွှေတိဂုံစေတီ ရင်ပြင်တော် ပေါ်သို့ ကပ်လှူ ပူဇော်ခဲ့ကာ သက္ကရာဇ် ၉၄၇ ခုနှစ်မှာ ပေါ်တူဂီ နယ်ချဲ့ ဒီဘရစ်(ခေါ်) ငဇင်ကာရဲ့ သင်္ဘော ၂ စီးနဲ့ လုယူ သယ်ဆောင်မှုကြောင့် ရန်ကုန်နဲ့ သံလျင်မြို့ကြား၊ ပဲခူးမြစ်၊ ရန်ကုန်မြစ်နဲ့ ပုဇွန်တောင်ချောင်းတို့ ဆုံရာ ဒေါပုံမြစ်ဝမှာ နစ်မြုပ်ခဲ့ ရတာ ဖြစ်ပါတယ်။

အခုလို နစ်မြုပ်ခဲ့တဲ့ ခေါင်းလောင်းတော်ကြီး ဟာဆိုရင် အမြင့် ၁၂ တောင်၊ အကျယ် ၁၈ တောင်နဲ့ အလေးချိန် ပိဿာပေါင်း ၁ သိန်း ၈ သောင်းခန့် ရှိတာ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်း ၄၀၀ ကျော်ခန့် နစ်မြုပ်နေတဲ့ ခေါင်းလောင်းတော်ကြီးကို နိုင်ငံတကာမှ သုတေသန အဖွဲ့များက လာယူ ရှာဖွေ ဆည်ယူမှုများ ရှိခဲ့သလို ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ မှာတော့ အမေရိကန်မှ လွှတ်တင် ထားတဲ့ နာဆာ Land Sat-7 ဂြိုလ်တုမှာ ခေါင်းလောင်းတော်ကြီး နစ်မြုပ်နေတဲ့ ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်ချောင်းတို့ ဆုံရာ ဒေါပုံမြစ်ဝမှာ တည်ရှိနေတယ်လို့ တွေ့ရှိခဲ့ပြီး ဖြစ်ပါ တယ်။ ဒါကြောင့် အခုလို ကျိုက်ထီးဆောင်း ဆရာတော်ကြီးရဲ့ ဦးဆောင်မှုနဲ့ ဆည်ယူရေး လုပ်ငန်းများကို လာမယ့် လပိုင်းအတွင်းမှာ ဆောင်ရွက်
တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဆည်ယူရေး လုပ်ငန်းများ လုပ်ကိုင်ဖို့ အတွက် အမေရိကန် ဒေါ်လာ ၁၀ သန်းခန့် ကုန်ကျမှာ ဖြစ်ပြီး သီးခြား အလှူငွေ ကောက်ခံတာမျိုး မရှိဘဲ ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီး ဆီသို့ ကိုယ်တိုင် လာရောက် လှူဒါန်းတဲ့ အလှူငွေ များကိုသာ လက်ခံ သွားမှာ ဖြစ်ပြီး လက်ရှိ မှာတော့ ပြင်ပစေတနာ အလှူရှင်များ အပြင် ဇေကမ္ဘာ မိသားစုမှ ဆည်ယူရေး လုပ်ငန်းမှာ ပူးပေါင်းပါဝင် လှူဒါန်းမှုများ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆည်ယူရေး လုပ်ငန်းများမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုမိန့်နဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ ကူညီ ဆောင်ရွက်မှုများ ပြုလုပ်ပေးသွား မှာဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ရွှေတိဂုံ စေတီတော် ကုန်းတော် အပေါ် အောင်မြင်စွာ ဆည်ယူနိုင်ရေး အတွက် အထူး မျှော်မှန်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

From: Mrtv-4

www.mmdailystar.com

Posted by Arakan Man on 9/19/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ