Related Posts Plugin for WordPress, Blogger...

ရန်ကုန်- ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အိမ်ရောင်း၊ ကားရောင်းပြီး ပိုက်ဆံစိုက်ကာ လုပ်ဆောင်နေကြောင်း ပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ သမ္မတ ရုံးပြည်ထောင် စု ၀န်ကြီးဦးအောင်မင်းက စက်တင်ဘာ ၂၁ ရက်တွင်မီဒီယာများ အားပြောကြား လိုက်သည်။

“ဦးအောင်မင်းကို ကြိုက်တဲ့ အချိန်ပိုက်ဆံစစ်လို့ရတယ်။ အခုပိုက်ဆံစိုက်ပြီးလုပ်နေတာ။ ဒါတွေက ငြိမ်းချမ်းရေးကိုလို ချင် လွန်းအားကြီးလို့ အိမ်ရောင်း၊ ကားရောင်းပြီးလုပ်နေတာ။ ဘယ်အိမ်တွေရောင်း ထားလဲဆို တာ သိချင်သေးတယ်ဆိုရင် ကျွန်တော် လိပ်စာပေးလိုက်ဦးမယ်။ သွားကြည့်လိုက်ဦး” ဟု ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာ ၂၁ ရက်တွင် မြန်မာ့ငြိမ်း ချမ်း ရေးပြန် လည်ထူထောင်ရေးဗဟိုဌာန (MPC) တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အခမ်းအနား အပြီး၌ ပြော ကြားခဲ့ခြင်းလည်းဖြစ်သည်။


ပြည်တွင်းငြိမ်းချမ်းရေးလုပ် ဆောင်ရာတွင်အသုံးပြုရန် ပြည်ပမှ ငွေကြေးအထောက်အပံ့ တောင်းခံမှုမှာ ဆယ်သက်စား မကုန်အောင်ရနေသည်ဟု နောက်ကွယ်မှ အမြင်မှားအောင် လှည့်ကွက်ပြုလုပ်နေသည်ဟု ဦးအောင်မင်းကဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း ကျန်းမာရေးစစ်ဆေးရာ တွင် နှလုံးရောဂါတွေ့ရှိ သဖြင့် ရန်ကုန်မြို့ရှိ ၀ိတိုရိယဆေးရုံ၌ တက်ရောက်ကုသမှုခံယူခဲ့ရသည်။

ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ပြည်ပမှ အထောက်အပံ့များကို စောင့်ဆိုင်းပြီး မလုပ်ဆောင် ဘဲ နိုင်ငံတော် က စိုက်ခံကာ လုပ်ဆောင်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ကလည်းတိုက်တွန်းထားဖူးသည်။

လာမည့်အောက်တိုဘာလဆန်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော   ပြည်ထောင် စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) တို့သည် ငြိမ်းချမ်းရေးဆွေးနွေးရန် အကြိုသဘောတူညီချက် ရရှိထားပြီးဖြစ်သည်။

From: 7Day News Journal

www.mmdailystar.com

Posted by Arakan Man on 9/24/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ